အသုံးများတဲ့ stick curtain wall profile နဲ့ semi-unitize curtain wall profile နှစ်ခုတို့ရဲ့ design capacity နှိုင်းယှဉ်ချက်က finite element analysis result အရ မျှဝေပေးမှာပဲဖြစ်ပါတယ်။ အခုတွက်ချက်မှုမှာလည်း အသုံးပြုမယ့် glass ကို ထည့်သွင်းမစဉ်းစားဘဲ aluminum material သီးသန့်ကို EN-AW 6063(EP)T5, EN 1999-1:2007 standard အရ analysis ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ Aluminum section မှာပါဝင်တဲ့ element တွေရဲ့ ပေါင်းစပ်မှုနဲ့ ပုံသဏ္ဍာန်အရ cross sectional properties calculation result ပြောင်းလဲသွားပြီး section တွေရဲ့ ခံနိုင်ရည်ဟာလည်း ကွာခြားပါတယ်။ အခုပုံမှာမြင်ရတာကတော့ 130 x 50 x 2.0mm stick curtain wall နှင့် 130 x 60 x 3.0 mm semi-unitize curtain wall နှစ်ခုကို ပြင်ပမှ wind load 0.5 KN/m တိုက်ရိုက်သက်ရောက်စေပြီး ဖြစ်ပေါ်လာတဲ့ deflection တန်ဖိုးတွေပဲဖြစ်ပါတယ်။ Stick curtain wall ကတော့ 36.4mm အရွေ့ရှိပြီး၊ semi unitize curtain wall ကတော့ 20.7mm အရွေ့ရှိကြောင်း result ရရှိပါတယ်။ Stick curtain wall ထက် section ဖွဲ့စည်းပုံ ပိုမိုကောင်းမွန်ခြင်း၊ Quality control နဲ့ work man ship ထိန်းသိမ်းမှု လွယ်ကူခြင်းစတဲ့ အားသာချက်များကြောင့် client requirement အရ Design ပြုလုပ်သုံးစွဲကြပါတယ်။ မတူညီတဲ့ Aluminum section ရဲ့ Design knowledge များကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ဖို့ သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။ Be Right Choice, Be with THAYA (ISO 9001: 2015) ☎️09-518 6262, 📧info@thayaengineering.com 🌐www.thayaengineering.com 🏡No.308, Thu Dhamar Road, Ward (Nya), North Okkalapa Tsp., Yangon Division, Myanmar.