Window wall / Shop front minimum design requirement အား နှိုင်းယှဉ်တွက်ချက်ခြင်း


တူညီတဲ့ stick curtain wall section ကို မတူညီတဲ့ height တစ်ခုအတွက် window wall design မှာ အသုံးပြုမယ်ဆိုရင် ဘယ်လိုနိုင်ငံတကာ standard သတ်မှတ်ချက်တွေရှိမလဲ ? အဲ့ဒီ Design တွေမှာ minimum design လိုအပ်ချက်တွေက ဘာဖြစ်မလဲ ? မိတ်ဆွေတို့မြင်တွေ့နေကျ store, shopping center စတဲ့နေရာတွေမှာ အသုံးများတဲ့ Aluminium glass wall အမျိုးအစားဟာဆိုရင် window wall အမျိုးအစားဖြစ်ပြီး တိကျတဲ့ RC (သို့) Brick wall opening ထဲမှာပဲ တက်ဆင်ရတဲ့အမျိုးအစားဖြစ်ပါတယ်။ အဲ့ဒီလို Wall အမျိုးအစားကို Non load bearing wall အမျိုးအစားလို့ခေါ်ပါတယ်။ According to Euro code EN - 1991-1.2002 Table 6.12 အရ Cladding (သို့) Barrier တွေကို Design တွက်ချက်ရာတွင် horizontal line load အနေဖြင့် 0.8 to 1.0KN/m, +z 1.0m မှာ imposed load ထည့်သွင်းစဉ်းစားဖို့ ပြဌန်းထားပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ External wind load ကိုပါ တွက်ချက်ရန် လိုအပ်ပါတယ်။ အခုပုံမှာ မြင်တွေ့နေရတာကတော့ 4.0 m နဲ့ 6.0 m အမြင့်ရှိတဲ့ curtain wall နှစ်ခုကို 1.0 KN/m imposed load နှင့် 0.8 KN/m² (+) wind load ဖြင့် analysis လုပ်ထားပြီး ရရှိလာတဲ့ results ပဲဖြစ်ပါတယ်။ 6m အမြင့်ရှိတဲ့ဘက်မှာတော့ (22.7mm) Deflection ဖြစ်ပြီး limit ကိုကျော်နေတာတွေ့ရမှာဖြစ်ပါတယ်။ အခုလို Minimum structure requirement တွေကို ကြိုတင်စဉ်းစားထည့်သွင်းတွက်ချက်ပြီး မိတ်ဆွေတို့ရဲ့ ရုံးခန်း၊ showroom နဲ့ နေအိမ်တွေကို တည်ဆောက်မယ်ဆိုရင် နောင်ကြုံတွေ့လာရမယ့် သဘာဝဘေးအန္တရာယ်တွေအတွက်လည်း စိုးရိမ်ပူပန်စရာမလိုတော့တဲ့အတွက် လုပ်ငန်းမစတင်မီ ကြိုတင်ဆွေးနွေးတိုင်ပင်နိုင်ဖို့ ကျွန်တော်တို့ THAYA Engineering မှ One stop service ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။ #thaya


Share: