Sliding Window တစ်ခုရဲ့ Design Selection


ယခုအပတ်မှာတော့ Residance နဲ့ Commercial Building တွေမှာ အသုံးများတဲ့ Aluminium Sliding Window ရဲ့ Design Selection အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးမှာဖြစ်ပြီး Aluminium Sliding Window တစ်ခုရဲ့ Function ကဘာတွေလဲ? အသုံးပြုရတဲ့ရည်ရွယ်ချက်နဲ့ Size အကြီးဆုံး ဘယ်လာက်အထိအသုံးပြုနိုင်သလဲ စတာတွေပါဝင်မှာဖြစ်ပါတယ်။

✅Aluminium Sliding Window ရဲ့ Function တွေကတော့ Window Area တစ်ခုမှာ ပုံသေပြေးလမ်းကို အပေါ် (သို့) ဘေး (သို့) အောက်တွင် တပ်ဆင်ရန်လိုအပ်ပြီး ဘယ်ညာ (သို့) အပေါ်အောက် Opening Direction အတိုင်း ဖွင့်/ပိတ် ပြုလုပ်နိုင်ပါတယ်။ အသုံးပြူသူရဲ့နေရာအကျယ်အဝန်းနဲ့ Opening Size ပေါ်မူတည်ပြီး တံခါးရွက်များကို တစ်ရွက် ၊ နှစ်ရွက် ၊ သုံးရွက် ၊ လေးရွက်နဲ့ အထက် Design ပြုလုပ်နိုင်ပါတယ်။ Sliding Window ကိုတပ်ဆင်ခြင်းဖြင့် အတွင်း/အပြင်ဖွင့်အတွက် နေရာယူမှုမရှိခြင်း ၊ အလွယ်တကူဖြုတ်တပ်နိုင်ပြီး Maintenance ပြုလုပ်ရန် လွယ်ကူခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်ပါတယ်။ Aluminium နဲ့ Sliding Profile System တွေကလည်း ထုတ်လုပ်တဲ့နိုင်ငံနဲ့ Standard အလိုက်ကွဲပြားမှုတွေရှိပါတယ်။ Sliding Window တစ်ခုဟာ Structure Design သဘောတရားအရ ပြင်ပမှ Windload (Positive Pressure) ကို အများဆုံးခံရပြီး Window ရဲ့ခံနိုင်ရည်ဟာလည်း တံခါးရွက်နှစ်ခုဆုံရာအလယ်တွင်အားအနည်းဆုံးဖြစ်ပါတယ်။

✅Window တစ်ခုရဲ့ Structure Design ကိုစဉ်းစားပါက Opening Size ကြီးလေ Windload ဒဏ်ခံနိုင်မှုနည်းလေဖြစ်ပြီး Frame နဲ့ တံခါးရွက်များ Size အထူပိုပြီးလိုအပ်လေဖြစ်ပါတယ်။ ဒါကြောင့် Section တစ်ခုတည်းဖြင့် တသမတ်ထဲ Design ပြုလုပ်၍မရဘဲ အသုံးပြုထားသော နေရာနှင့် size ပေါ်မူတည်၍ Max Design Limit ကိုတွက်ချက်ရန်လိုအပ်ပါတယ်။တွက်ချက်မှုအရ သာမန်အားဖြင့် 2’ ပတ်လည်မှ 5’ ပတ်လည်အထိ Standard Profile များက 0.6KN/m2 ထိ တိုက်ရိုက် Pressure ကိုခံနိုင်သော်လည်း 10’x8’ ကဲ့သို့ size များတွင်0.36KN/m² သာခံနိုင်ရည် ရှိကြောင်း တွေ့ရပါတယ်။တွက်ချက်မှုပြုလုပ်ရာတွင်လည်း Section Size အပြင်အရေးကြီးသော အစိတ်အပိုင်းများတွင် ရှိသင့်တဲ့ Thickness များ Standard နဲ့အညီ ရှိ/ မရှိစစ်ဆေးရန်လိုအပ်ပါတယ်။

နောက်အပတ်မှာလည်း ယခုကဲ့သို့ Design နည်းပညာဗဟုသုတများကို မျှဝေပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါအုံးခင်ဗျာ🤗

 

🔰ဗဟုသုတရစရာအကြောင်းအရာတွေကို အမြဲမျှဝေပေးသွားမယ့် သာယာ 🔰

Be Right Choice, Be with THAYA (ISO 9001: 2015)

☎️09-518 6262,

📧info@thayaengineering.com

🌐www.thayaengineering.com

 

#thaya

#knowledgesharing

Share: