Casement Window တွေနဲ့ မိုးရာသီအခြေအနေ


အခုအပတ်မှာတော့ casement window တွေကို အသုံးပြုထားခြင်းနဲ့ မိုးရာသီအခြေအနေမှာ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေ ရရှိနိုင်သလဲ၊ ဘယ်လိုနေရာတွေမှာ အသုံးပြုလို့ သင့်တော်လဲဆိုတာ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ 

Awing (သို့) Casement တစ်နည်းအားဖြင့် Side hung နဲ့ Top Hung Window တွေဟာဆိုရင် အတွင်းဘက်/ အပြင်ဘက်သို့ အဖွင့် direction ဖြင့် building တွေမှာ တပ်ဆင်သုံးစွဲကြပါတယ်။ Opening direction အတိုင်း အပြည့်အဝသုံးစွဲနိုင်တာကြောင့် ပြင်ပမှ သဘာဝလေရရှိမှု၊ access တစ်ခုအဖြစ် သုံးနိုင်မှုစတဲ့ အားသာချက်တွေရှိပါတယ်။ 

Casement window တွေရဲ့ အခြေခံ design အရ Single layer, Double layer, Thermal break (အပူခံ) frame စသဖြင့်ရှိပြီး Design အားလုံးတွင် PVC or EPDM Rubber အမျိုးအစား primary နှင့် secondary gasket (လိုင်နာ) သုံးရန်လိုအပ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း primary gasket ဟာ weather seal အဖြစ် မိုးရေလုံမှုကို အဓိကတာဝန်ယူပြီး secondary ဟာ လေနဲ့အသံလုံမှုကို ထိန်းပေးပါတယ်။

Casement window တွေ ရေလုံဖို့ဆိုရင် အခုလို Design နဲ့ မှန်ကန်တဲ့ products တွေကို professional ကျကျ တွက်ချက် ထုတ်လုပ်ဆပ်ဆင်နိုင်မှုပေါ် မူတည်ပါတယ်။ 

အခုလို Design ရွေးချယ်မှု၊ မှန်ကန်တဲ့ products များရရှိပြီး customer များ စိတ်တိုင်းကျမှုရှိစေဖို့ ကျွန်တော်တို့ THAYA Aluminum မှ အမြဲဝန်ဆောင်မှုပေးနေတဲ့အတွက် ဆွေးနွေးတိုင်ပင်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

Be Right Choice, Be with THAYA (ISO 9001: 2015)

09-518 6262,

info@thayaengineering.com

www.thayaengineering.com

#thaya

#knowledgesharing

Share: