Curtain Wall တစ်ခုရဲ့အခြေခံဒီဇိုင်းကို လေ့လာခြင်း


Curtain wall တစ်ခုရဲ့ အခြေခံဒီဇိုင်းအကြောင်းနဲ့ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုများကို ကြည့်ကြည့်ရအောင်။ အားလုံးသိကြတဲ့အတိုင်း Curtain wall ဆိုတာကတော့ အဆောက်အဦးရဲ့ ပြင်ပမှာ ကာရံထားပြီး ပြင်ပမှ လေတိုက်အား၊ ရေဝင်နိုင်မှု၊ အလင်းရောင်နှင့် မြင်ကွင်းရရှိမှုတို့ကို Design ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ အခြေခံ Design ဖွဲ့စည်းပုံအလိုက် Curtain wall အမျိုးမျိုးရှိပေမယ့် အသုံးအများဆုံးအနေနဲ့ကတော့ Stick curtain wall, Semi-unitize နှင့် Unitize curtain wall စတာတွေပဲဖြစ်ပါတယ်။ အဲ့ဒီအထဲမှ Stick curtain wall စနစ်ဟာ ရှေးအကျဆုံးနဲ့ ယနေ့အထိ သုံးစွဲနေကျဆဲဖြစ်ပါတယ်။ Curtain wall ရဲ့အဓိက Support frame တွေဖြစ်တဲ့ Mullion (Vertical) Tramsom (Horizontal) စတာတွေဟာ သစ်သားဖြစ်စေ၊ သံ (သို့) Steel နဲ့ Aluminium များကို stick ချောင်းပုံသဏ္ဍန် ပေါင်းစပ်တပ်ဆင်ရတဲ့အတွက် Stick curtain wall လို့ခေါ်ခြင်းဖြစ်ပါတယ်။ သာမန် Hollow section တွေကို frame အဖြစ် ပေါင်းစပ် design လုပ်ရာမှ ယနေ့ဆိုရင် နေအိမ်၊ ရုံးခန်း၊ အများသုံးအဆောက်အအုံ စတဲ့နေရာအလိုက်၊ မတူညီတဲ့ လိုအပ်ချက်အလိုက် အသုံးပြုနိုင်သော Profile section များရရှိလာပြီဖြစ်ပါတယ်။ Curtain wall တစ်ခုအတွက် အသုံးပြုမယ့် Frame များရွေးချယ်ဖို့ဆိုရင် … (1) Total area width x height ? (2) Maximum panel width x height ? (3) Floor to floor height ? (4) Building location and curtain wall location ? (4) Building catagory စတဲ့ အချက်အလက်တွေကို သိဖို့လိုပြီး၊ တွက်ချက်မှုအရ ( Wind Load, Dead load, Imposed Load, Sersmic load ) Frame size နှင့် Thickness, Profile အမျိုးအစား၊ Glass or Cladding Panel Thickness and Size တွေကို Techinical ကျကျရရှိပါတယ်။ ပုံမှာမြင်တွေ့ရတာကတော့ stick curtain wall(normal frame 100x50) တစ်ခုရဲ့ Design section ပဲဖြစ်ပါတယ်။ Frame ရဲ့ stability တစ်ခုထဲကိုပဲ ကြည့်ရုံတင်မကဘဲ သက်ရောက်လာမယ့် force တွေကြောင့် Stress location တွေကိုပါ သိရှိနိုင်ဖို့ 3D finite element analysis လုပ်နိုင်လျှင် ပိုမိုတိကျသော result ကိုရရှိနိုင်မှာဖြစ်ပါတယ်။


Share: