High- Rise Building တည်ဆောက်တော့မယ်ဆိုရင် ဘာတွေကို သိထားသင့်


High- Rise Building တည်ဆောက်တော့မယ်ဆိုရင် ဘာတွေကို သိထားသင့်တယ်ဆိုတာ ပြောထားခဲ့ပြီးပြီဆိုတော့ ဒီတစ်ပတ်မှာ High- Rise Building တည်ဆောက်ချင်သူတွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Location (နေရာရွေးချယ်ခြင်း) ကိုပြောပြပေးသွားပါမယ်ခင်ဗျာ 📍 လေတိုက်နှုန်း 💨 ကိုယ် အထပ်မြင့်အဆောက်အဦတည်ဆောက်ချင်တဲ့နေရာမှာ လွန်ခဲ့တဲ့နှစ်တွေမှာ လေတိုက်နှုန်း ပျဉ်းမျှအနေနဲ့ အမြင့်ဆုံး ဘယ်လောက်ရှိလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ (အသေးစိတ်ကို ကိုယ်နေထိုင်တဲ့ တိုင်းနဲ့ပြည်နယ်ရဲ့ မိုးလေဝသနှင့် ဇလ‌ဗေဒဝန်ကြီးဌာနတွေမှာ ထုတ်ယူနိုင်ပါတယ်) ငလျင် 🏜 ကိုယ်တည်ဆောက်တဲ့နေရာမှာ အရင်က ငလျင်လှုပ်ဖူးလား? ငလျင်ကြောနဲ့ရောနီးနေလား? ဘယ်လောက်အရှိန်နဲ့ လှုပ်ခဲ့ဖူးလဲစတဲ့ အချက်အလက်တွေကိုလည်း သိဖို့လိုအပ်ပါတယ်။ (ဒီအချက်အလက်တွေကိုလည်း မိုးလေဝသနဲ့ ဇလဗေဒဌာနမှာ စုံစမ်းနိုင်ပါတယ်) အသံဆူညံမှု 🏭 ကိုယ် အထပ်မြင့်အဆောက်အဦဆောက်မယ့်နေရာက Highway လမ်းမပေါ်မှာ တည်ဆောက်ချင်တာလား? စက်မှုဇုန်ဧရိယာမှာလား၊ လေဆိပ်အနီးမှာလား? ကားလမ်းပိတ်တတ်တဲ့ နေရာမျိုးလား ဆိုတာကို ထည့်သွင်းစဉ်းစားရပါမယ်။ ရာသီဥတု 🌦 ရာသီဥတုဆိုတာလည်း သိဖို့အရေးကြီးတဲ့အထဲမှာပါပါတယ်။ ကိုယ်တည်ဆောက်မယ့်နေရာက ဘယ်လိုရာသီဥတုမျိုးရှိတတ်လဲ? မိုးနည်းဒေသလား? မိုးများဒေသလား? အရမ်းအေးတဲ့ဒေသလား? ဆိုတာတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ High -Rise Building အထပ်မြင့်အဆောက်အဦကို ဆောက်ဖို့ ကြံရွယ်ထားတဲ့ မိတ်ဆွေတို့အတွက် သိသင့်သိထိုက်တဲ့ အချက်အလက်လေးတွေကို THAYA Engineering Co, Ltd. ကနေ ဗဟုသုတအနေနဲ့ဝေမျှပေးလိုက်ပါတယ်ဗျ နောက်အပါတ်တွေမှာလည်း High -Rise Building နဲ့ပတ်သတ်ပြီးသိသင့်တာတွေကိုထပ်မံတင်ပြပေးသွားပါဦးမယ်ဗျ ♻️ အထပ်မြင့်အဆောက်အဦတွေဆောက်တဲ့အခါမှာ တိကျသေချာပြီး အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ သာယာ က ဆောင်ရွက်ပေးနေတယ်ဆိုတဲ့အကြောင်းလည်း သတင်းကောင်းပါးလိုက်ချင်ပါတယ် 📢


Share: