အခုခေတ်ကြီးမှာ အဆောက်အဦတွေက ပိုပို Smart ကျပြီး ခေတ်မီနေကြပါပြီ။ သူများနဲ့မတူကြတဲ့ Design၊ အသုံးအဆောင်တွေနဲ့ ကိုယ့်ရဲ့ အဆောက်အဦ၊ နေအိမ်လုပ်ငန်းခွင်ကို အကောင်းဆုံးပြင်ဆင်နေကြပါပြီ။ အခု လူကြီးမင်းတို့ရဲ့ နေအိမ် အဆောက်အဦကို အကောင်းဆုံးပြင်ဆင်ဖို့ လိုအပ်တဲ့အရာတွေထဲက 3 Panel Aluminum Sliding Door အကြောင်းလေးပြောပြပေးပါမယ်။ Slide Door/ Window တွေထဲကမှ နောက်ဆုံးပေါ် 3 Panel Aluminum Sliding Door ကို THAYA Engineering Co, Ltd. မှာ ရရှိနိုင်ပါပြီ။ 3 Panel Aluminum Sliding Door/Window ရဲ့ အားသာချက်တွေက (1) ပုံမှန် (၂)လမ်းသွား Slide Door တွေထက်ပိုပြီးကျယ်တဲ့ Space ပေးနိုင်တယ် (2) တံခါးရွက် မှန်ချပ်ကြီး (၃)ချပ်တပ်ရမှာဖြစ်ပြီး ကျန်တဲ့ တံခါးရွက် နှစ်ချပ်ကို တတိယမြောက်မှန်ချပ်ပေါ်မှာပဲ တစ်ထပ်တည်း ထားလို့ရလို့ တံခါးဖွင့်လို့ရတဲ့ Space ပိုများတယ် (3) လေဝင်လေထွက်ကောင်းစေတယ် (4) အပိတ်အဖွင့်လွယ်ကူတယ် (5) နေရောင်ကောင်းကောင်းရနိုင်တယ် ဒါတွေက 3 Panel Aluminum Sliding Door/Window တွေရဲ့ အားသာချက်တွေပဲဖြစ်ပါတယ်။ THAYA Engineering Co, Ltd. မှာရှိတဲ့ 3 Panel Aluminium Sliding Door and Window မှာ ✔ လက်ကိုင်ကို Branded Accessories အနေနဲ့ CMECH handle (စကူပျောက်ဒီဇိုင်း) အသုံးပြုထားပါတယ်။ လက်ကိုင်က Firm ဖြစ်ပြီးတော့ ချော်ခြင်း၊ လည်ခြင်းမရှိဘဲ Screw တွေကိုမြုပ်ထားတဲ့ Design မို့ ပိုသပ်ရပ်တယ်။ Smart ပိုဖြစ်တယ်။ ✔ Handle ကလည်း L Key Type ဖြစ်လို့ တပ်ဆင်ထားတဲ့အခါ အဖွင့်အပိတ်ကို လွယ်ကူစေပါတယ်။ ✔45 Degree Join ဖြစ်တာမို့ ပိုပြီးခိုင်ခံ့တယ်၊ အမြင်လည်း ပိုပြီး သေသေသပ်သပ်ဖြစ်စေပါတယ်။ အံဝင်ခွင်ကျဖြစ်စေလို့ ကြည့်မိတဲ့သူရဲ့အမြင်မှာလည်း ပိုပြီးတော့ ဆွဲဆောင်မှုရှိစေတယ်။ ✔ တံခါးရွက်(၃)ရွက်မှာ (၂)ရွက်စာနယ်ပယ် အပွင့်လိုချင်ရင်တော့ လျှောက်လမ်းသုံးခုပါတဲ့ Aluminum မျိုးကိုသုံးသင့်ပါတယ်။ လူကြီးမင်းတို့ရဲ့ ခေတ်မီပြီး ဆန်းသစ်တဲ့ အဆောက်အဦတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝန်ဆောင်မှုတွေကို THAYA Engineering Co. Ltd ရဲ့ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေက အကောင်းဆုံး ဝန်ဆောင်မှုပေးနေပြီပဲဖြစ်ပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီများအတွက် ရေရှည် လက်တွဲဖို့ရာ သာယာ💯